အချို့သစ်သီးနှင့် ဟင်းသီးဟင်းရွက်တို့တွင် ဂလူးကို့သကြား ပါသောကြောင့်ချိုသည်။ ဂလူးကို့သကြားကို ကောက်နှံများမှ ရသောကစီမှ အမျာအပြား ချက်ယူကြသည်။ ချက်ယူပုံမှာ ကောက်နှံများမှရသည့် ကစီမှုန့်ကို ရေတွင် ဖျော်ပြီးလျှင် ဟိုက် ဒရိုကလောရစ်အက်ဆစ် အနည်းငယ်ထည့်၍ ကျိုသည်။ အက်ဆစ်သည် နောက်ဆုံးတွင် သမသွားသောအခါ ဂလူးကို့ သကြားပွင့်ကလေးများ ဖြစ်လာသည်။ သကြားပွင့်အဖြစ်သို့ မရောက်သေးသော ဂလူးကို့သည် သကာရည်ကဲ့သို့ ချွဲပျစ် နေတတ်သည်။
ရောင်းဝယ်ဖောက်ကားရေးအတွက် ဂလူးကို့ကို သကြားပွင့် အဖြစ်သို့ မရောက်မီ သကာကဲ့သို့ ချွဲပျစ်နေသော အနေဖြင့် ယူကြသည်။ ဂလူးကို့သည် လွယ်လင့်တကူ သကြားပွင့် မတက်နိုင်သောကြောင့် သကြားလုံးများ ပြုလုပ်ရောင်းချရန်နှင့် သစ်သီးများ တာရှည်ခံအောင် ပြုလုပ်ရန် များစွာ အသုံးပြုကြ သည်။မုန့်တိုက်ကြီးများတွင်လည်း အဖိုးတန်မုန့် အကောင်းစား များလုပ်သည့်အခါ မုန့်တွင် သကြားပွင့်မတက်အောင် ဂလူးကို့ ကို အသုံးပြုကြသည်။
ကျွန်ုပ်တို့၏ခန္ဓာကိုယ်အတွင်းသို့ အစာအာဟာရအဖြစ်ဖြင့် ဝင်သွားသောကစီတို့သည် နောက်ဆုံးတွင် ဂလူးကို့သကြား အဖြစ်သို့ ပြောင်းလဲပြီးလျှင် သွေးထဲသို့ ဝင်သွားသည်။ ဂလူး ကို့သည် သွေးထဲသို့ဝင်သွားပြီးသော် အားကိုဖြစ်စေလျက် ကျန်း မာမှုကို များစွာ အထောက်အပံ့ဖြစ်စေသည်။ ဂလူးကို့သည် အစာကြေလွယ်သည်။ ထို့ကြောင့် အထူးသဖြင့် နာလန်ထခါစ အားအင်နည်းသူများနှင့် ကလေးသူငယ်များ စားသုံးရန်အတွက် အလွန်ကောင်းသည်။ အပင်များ၌ရှိသော ကစီသည် အချိန် ကာလအားလျော်စွာ ဂလူးကို့သကြားဖြစ်သို့ ပြောင်းလဲသည်။ စပျစ်သီးခြောက်တွင် တွေ့ရသောသကြားပွင့်ကလေးများသည် အများအားဖြင့် ဂလူးကို့များပင် ဖြစ်၏။ ပျားရည်တွင်လည်း ဂလူးကို့သကြား အများအပြား ပါဝင်သည်။
[၁]
Op woensdag 20 november 2013 16:56 schreef SosuaCafe het volgende:Bob is gewoon noord korea. Keihard schreeuwen en herrie maken op het grensgebied om de vijand gek te maken.